
ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၁၂-၁၂-၂၀၂၅ ရက်နေ့တွင် ပိုမိုခိုင်မာသောကုန်သွယ်ရေး ကွန်ရက်များကို မြှင့်တင်ရန်နှင့် ကမ္ဘောဒီးယားပို့ကုန်များအတွက် အခွင့်အလမ်းအသစ်များ ဖန်တီးပေးရန်အတွက် ကမ္ဘောဒီးယား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (Cambodia FTA Portal) ကို စတင်ဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး Derek Yip၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် အခြားသူများက တက်ရောက်ခဲ့ကြ သည်။ ဖွင့်ပွဲအခမ်းအနားတွင် Nimul က အွန်လိုင်း Portal သည် စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ ထုတ်လုပ်သူများ၊ သုတေသီများနှင့် ပြည်သူလူထုအတွက် အသင့်တော်ဆုံး ဦးစားပေးကုန်သွယ်ရေးစနစ် သို့မဟုတ် FTA ကို အလွယ်တကူရှာဖွေရွေးချယ်နိုင်ရန် ကူညီပေးရန် ဒီဇိုင်းထုတ်ထားကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ပလက်ဖောင်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်နှင့် အသေးစားစီးပွားရေးလုပ်ငန်းများမှ မူဝါဒချမှတ်သူများအထိ အကျိုးတူ ပါဝင်သူအားလုံးသည် ကုန်သွယ်မှုအချက်အလက်များကို အဆင်ပြေစေပြီး နောက်ဆုံးပေါ် ဝင်ရောက်ခွင့်ရရှိစေရေး သေချာစေရန်အတွက် သိသာထင်ရှားသောခြေလှမ်းတစ်ခုကို ကိုယ်စားပြုကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံး၏ အဆိုအရ အဆိုပါ Portal သည် ပို့ကုန်လုပ်ငန်းရှင်များအား ကမ္ဘောဒီးယား၏ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်များမှ အပြည့်အဝ အကျိုးကျေးဇူးရယူနိုင်စေပြီး ပို့ကုန်များ၊ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးမည် ဖြစ်သည်။
DOCA(ရန်ကုန်)
