
စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်အသီးများ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ မှ ထွက်သည့်ကျောက်ဖရုံသီးများ ဝင်ရောက်မှုများလျက်ရှိပြီး၊အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။၂၀၂၅ခုနှစ်နိုဝင်ဘာလနောက်ဆုံးပတ်အတွင်းဖြစ်ပေါ်သည့်စျေးနှုန်းများမှာကျောက်ဖရုံသီးတစ်လုံးလျှင်အလုံး(ကြီး) ၃၅၀၀ ကျပ်နှင့် ၅၀၀၀ကျပ်၊ အလုံး(လတ်) ၂၅၀၀ ကျပ် နှင့် ၃၀၀၀ ကျပ်၊ အလုံး (သေး) ၁၈၀၀ ကျပ်နှင့်၂၀၀၀ ကျပ်စျေး၊ ကျောက်ဖရုံသီးအားလေးစိတ်ထိုး၍ တစ်စိတ်လျှင် ၅၀၀ ကျပ်နှင့် ၇၀၀ ကျပ်တို့ဖြင့် ရောင်းချလျှက်ရှိကြောင်းတွေ့ရှိရပါသည်။ ကျောက်ဖရုံသီးမှာယိုလုပ်ငန်းလုပ်ကိုင်သူများမှဝယ်ယူမှုများပြားသည့်အတွက်အရောင်းသွက်လျက်ရှိကြောင်း သီရိမာလာ စျေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA (မန္တလေး)
