
မြင်းခြံခရိုင်သည် ပဲမျိုးစုံအဓိကစိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး၊ စိုက်ပျိုးသောသီးနှံများမှာ ပဲစဉ်းငုံနီ၊ မတ်ပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲနောက်၊ ပဲကြီးနှင့် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်းမျိုးစုံတို့ကို အဓိကစိုက်ပျိုးကြသည်။ မြင်းခြံကုန်စည်ဒိုင် (MDCCI)တွင် အများဆုံး အရောင်း အဝယ်ဖြစ်သော သီးနှံများမှာ ပဲစဉ်းငုံနီ၊ ပဲတီစိမ်း၊ ကုလားပဲမျိုးစုံနှင့် နှမ်းတို့ကို ဥပုသ် နေ့မှ လွဲ၍ ကုန်စည်ဒိုင်သာမက မြို့ပေါ်ရှိပွဲရုံများတွင်လည်း နေ့စဉ်အရောင်းအဝယ် ဖြစ်လျှက်ရှိ ကြောင်းသိရှိရသည်။
၂၀၂၆ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဈေးနှုန်း များမှာ ပဲစဉ်းငုံနီ တစ်တင်းလျှင် (၁၁၀၀၀၀)ကျပ်၊ ပဲစဉ်းငုံအဖြူတစ်တင်း လျှင်(၁၀၀၀၀၀) ကျပ်၊ မတ်ပဲတစ်တင်းလျှင်ကျပ် (၉၇၀၀၀-၁၀၀၀၀၀)၊ ပဲတီစိမ်းတစ်တင်းလျှင်(၇၅၀၀၀-၇၉၀၀၀)ကျပ်၊ မြေပဲဆံ S1 (၁၇၇၈၀၀) ကျပ်၊ ကုလားပဲ (V2) တစ်တင်းလျှင် (၈၂၀၀၀)ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၁၆၆၀၀၀)ကျပ်ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း၊ တစ်ပတ်အတွင်း အိတ် အရောင်းအဝယ်ဖြစ်မှုမှာ တစ်တင်းခွဲဝင် ပဲစဉ်းငုံနီ (၅၀)အိတ်၊ ပဲတီစိမ်း (၂၀၀)အိတ်၊ ကုလားပဲ (၃၀၀)အိတ်၊ မြေပဲဆံ S1 (၅၀၀)အိတ်၊ နှမ်းညို (၂၀၀) အိတ် တို့ဖြင့်အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း၊ ဈေးကွက်တင်ပို့မှုအနေဖြင့် မန္တလေးမြို့၊ မကွေးမြို့နှင့် ရန်ကုန်မြို့ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ တင်ပို့ရောင်းချကြောင်း၊ ယခုအချိန်ပဲသစ်များစိုက်ပျိုးချိန်ဖြစ်၍သီးနှံများထွက် ပေါ်မှုမရှိသောကာလဖြစ်သောကြောင့် ကုန်လက်ကျန်များ ဒေသတွင်းပွဲရုံများတွင် လျော့နည်း လာပြီဖြစ်ကြောင်း ပဲကုန်သည်တစ်ဦး၏ ပြောပြချက်အရသိရှိရသည်။
DOCA(မန္တလေး)
