
လာအိုအားပင်လယ်ထွက်ပေါက်ရရှိစေရန်ပံ့ပိုးပေးမည့် ဗီယက်နမ်ပါတီ၊ အစိုးရနှင့် ပြည်သူလူထု၏မူဝါဒဖြစ်သည့် ဗီယက်နမ်နိုင်ငံ Vung Ang ဆိပ်ကမ်းတွင် ဂိတ်၁၊၂နှင့် ၃ တို့တည်ထောင် မည့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းအနက် ဂိတ် ၃ ကို လတ်တလော ဖွင့်လှစ်ခဲ့ပြီ ဖြစ်ကြောင်း သိရပါသည်။ ထိုအကြောင်းကို ဗီယက်နမ်၏ဆောက်လုပ်ရေးဝန်ကြီး Tran Hong Minh နှင့် လာအို၏ အများပြည်သူအလုပ်အကိုင်နှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး Leklay Sivilay အကြား ဒီဇင်ဘာလ ၂ ရက်နေ့က အစည်းအဝေးအတွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါ သည်။ Minh က Vung Ang ဆိပ်ကမ်းပူးပေါင်းဆောင်ရွက်မှုစီမံကိန်းအောင်မြင်မှုအပေါ်အခြေခံ၍ လာအိုသည် ဘက်ပေါင်းစုံသယ်ယူပို့ဆောင်ရေးစနစ်ဆက်လက်တည်ထောင်ရန် အထူးသဖြင့် ဗီယက်နမ်ကမ်းရိုးတန်းဆိပ်ကမ်းများနှင့် အဝေးပြေးကားလမ်းကြောင်းချိတ်ဆက်သင့်ကြောင်း အဆိုပြုခဲ့ပါသည်။ ထိုချိတ်ဆက်မှုများအားကောင်းစေခြင်းအားဖြင့် စီးပွားရေးအဟုန်အသစ်ကို ဖန်တီးနိုင်ပြီး လာအို၏ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာဈေးကွက်များသို့ ကုန်စည်များသယ်ယူ ပို့ဆောင်နိုင်စွမ်းကို တိုးချဲ့နိုင်မည်ဟု Minh ကပြောကြားခဲ့ပါသည်။ အစည်းအဝေးတွင် ဝန်ကြီး ၂ ဦးသည် ဟနွိုင်း-ဗီယန်ကျင်းအဝေးပြေးကားလမ်းနှင့် Vung Ang- ဗီယန်ကျင်းရထားလမ်းပါဝင်သည့် နှစ်နိုင်ငံကိုချိတ်ဆက်ပေးမည့် အဓိကသယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံစီမံကိန်း အပေါ်လုပ်ငန်းစဉ်များကို ဆန်းစစ်ခဲ့ကြောင်း သိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
