
ပါကစ္စတန်နိုင်ငံသစ်သီး၊ ဟင်းသီးဟင်းရွက် တင်ပို့သူများနှင့် ကုန်သည်များအဖွဲ့အစည်း (PEVA) မှ နာယကကြီးဆိုသူ Waheed Ahmed က ပါကစ္စတန်နိုင်ငံ၏တင်ပို့မှုများကို အမေရိကန် ဒေါ်လာ ၇၀၀ သန်းမှ ၂ ဘီလီယံအထိ ရောက်ရှိရန် မြှင်တင်နိုင်မည့် ပြီးပြည့်စုံသော စီမံကိန်းကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကြေညာခဲ့ပါသည်။ ၎င်းက ၂၀၂၅ ခုနှစ် အတွင်း သစ်သီး၂၅မျိုး၊ ဟင်းသီးဟင်းရွက်များနှင့် တန်ဖိုးမြင့်ပို့ကုန်များကို ပို့ကုန်ကုမ္ပဏီများက FoodAg တွင် ပါဝင်ပြသခဲ့ကြောင်းနှင့် နိုင်ငံပေါင်း ၃၅ နိုင်ငံသည် ပါကစ္စတန်နိုင်ငံမှ ထုတ်ကုန်များ နှင့် တန်ဖိုးမြင့်ပစ္စည်းများကို ဝယ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရပါသည်။ ပါကစ္စတန်နိုင်ငံ ကုန်သွယ်မှုဖွံဖြိုးရေးအာဏာပိုင်အဖွဲ့ (TDAP) နှင့်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အတွင်း ရေးမှူးဆိုသူ Sheharyar Taj Mr Waheed က ပါကစ္စတန်နိုင်ငံသည် UK၊ ဂျာမနီနိုင်ငံတို့မှ တင်ပို့မှု အမှာစာများရရှိနေကြောင်း ပြောကြာားခဲ့ပါသည်။ ထို့အပြင် ၎င်းက ပါကစ္စတန်နိုင်ငံ ဥယျာဉ်ခြံ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (PHDC) နှင့် TDAP တို့သည် ပါကစ္စတန်နိုင်ငံ စိုက်ပျိုးရေးဆိုင်ရာစီးပွားရေး သန်မာလာစေရန်နှင့် တင်ပို့မှုရည်မှန်းချက်များပြည့်ဝစေရန်အတွက် ပူးပေါင်းလုပ်ကိုင်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Mr Shehryar က အမေရိကန်ဒေါ်လာ ၇၃၀ သန်းတန်ကြေးရှိသော တင်ပို့မှုဖြစ်ပေါ်လာစေရန်နှင့် ပါကစ္စတန်နိုင်ငံအား ကမ္ဘာ့စိုက်ပျိုးရေးနှင့် အစားအသောက် ထောက်ပို့မှုတွင် ယုံကြည်စိတ်ချ၍ အားကောင်းသောမိတ်ဖက်နိုင်ငံအဖြစ် ဖြစ်ပေါ်လာစေရန် မျှော်မှန်းကြောင်း ပြောကြားခဲ့ပါသည်။
Source: The Economic Times
DOCA (ရန်ကုန်)
