
၂၀၂၅ ခုနှစ် Hai Phong ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေး ကွန်းဖရန့်ကို ချက်နိုင်ငံရှိဗီယက်နမ်သံရုံးတွင် နိုဝင်ဘာလ ၃၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။ Hai Phong ပါတီကော်မတီအတွင်းရေးမှူး Le Tien Chau က ကြီးမှူးကျင်းပသည့် ထိုအခမ်းအနားကို မြို့တော်၏ဦးစီးဌာနများမှတာဝန်ရှိသူများ၊ ချက်နိုင်ငံရှိဗီယက်နမ်စီးပွားရေး လုပ်ငန်းများနှင့် လူမှုအသိုင်းအဝိုင်းမှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရပါသည်။ ချက်နိုင်ငံဆိုင်ရာဗီယက်နမ်သံအမတ် Duong Hoai Nam က လတ်တလော ဗီယက်နမ်-ချက်မဟာ ဗျူဟာမိတ်ဖက်ဖွဲ့မှုအဆင့်မြှင့်တင်ခြင်းသည် များစွာသော နယ်ပယ်များ အထူးသဖြင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးချိတ်ဆက်မှုတို့တွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် အခွင့်အလမ်းသစ်များကို တံခါးဖွင့်လှစ်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ချက်နိုင်ငံရှိ ဗီယက်နမ်ပြည်သူ့ယူနီယံ ဒုတိယဥက္ကဌ Giang Thanh က ဗီယက်နမ်ပြည်သူ ၆၀၀၀၀ ပတ်လည်သည် ရေရှည်နေထိုင်ခွင့်ပါမစ်နှင့် ၃၀၀၀၀ ကျော်သည် ချက်နိုင်ငံသားခံယူခွင့် ရရှိထားကြောင်း သိရပါသည်။ ၎င်းသည် အားကောင်းသော လိုက်လျောညီထွေနိုင်စွမ်းနှင့်အတူ အားကောင်းသော မျိုးဆက်သစ်လုပ်ငန်းများကို ဖန်တီးပေးပြီး ပြည်တွင်းအသိုက်အဝန်းတွင် လွှမ်းမိုးမှုကြီးထွားလာစေကြောင်း သိရပါသည်။ ချက်နိုင်ငံရှိ ဗီယက်နမ်စီးပွားရေးအသင်း၏ဥက္ကဌ Nguyen Thai Ngoc က ချက်နိုင်ငံသည် တည်ငြိမ်ပြီး ပွင့်လင်းမြင်သာသော ဥပဒေနှင့် စီးပွားရေးဝန်းကျင်ကို ပေးစွမ်းနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ Chau က အမှာစကားပြောကြားရာတွင် ဗီယက်နမ်မြောက်ပိုင်းတွင် စက်မှုလုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် နိုင်ငံတကာဝန်ဆောင်မှုများအတွက် အချက်အချာဖြစ်လာရန် Hai Phong ၏ဖွံ့ဖြိုးတိုးတက်မှုမျှော်မှန်းချက်ကို အကြမ်းဖျင်းပြောကြားခဲ့ကြောင်း သိရပါသည်။ Hai Phong ပြည်သူ့ကော်မတီဒုတိယဥက္ကဌနှင့် Hai Phong စီးပွားရေးဇုန်အာဏာပိုင် အဖွဲ့၏ အကြီးအကဲဖြစ်သူ Le Trung Kien က Hai Phong သည် ကုန်ထုတ်လုပ်ခြင်းနှင့် ပြုပြင် ထုတ်လုပ်သည့်လုပ်ငန်းများ၊ မြင့်မားသောနည်းပညာ၊ သန့်စင်သောစွမ်းအင်၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဆေးဝါးတို့တွင် ချက်စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန် ကြိုးပမ်းလိုကြောင်းနှင့် Hai Phong သည်လည်း အုပ်ချုပ်မှုပြန်လည်ဖွဲ့စည်းမှု၊ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှု၊ ခေတ်မီပြီး ကောင်းမွန်သော အခြေခံအဆောက်အအုံများမှတစ်ဆင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို အပြည့်အဝပံ့ပိုးသွားမည်ဟု ကတိပြုကြောင်း ပြောကြားခဲ့ပါသည်။ ကွန်းဖရန့်တွင် နိဂုံးချုပ်အနေဖြင့် Chau က ချက်နိုင်ငံရှိ ဗီယက်နမ်စီးပွားရေးအသိုက်အဝန်း၏ အောင်မြင်မှုများကို ချီးမွမ်းခဲ့ပြီး ထိုအသိုက်အဝန်းသည် Hai Phong မြို့တော်အကြား အရေးပါသော ပေါင်းကူးတံတားသဖွယ်ဆက် လက်ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်ချက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
