
အမေရိကန်နိုင်ငံကူးသန်းရောင်းဝယ်ရေးအတွင်းရေးမှူးဆိုသူ Howard Lutnick က ဒီဇင်ဘာလ ၁ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံအပေါ် အခွန် ၁၅ ရာခိုင်နှုန်းလျော့ချ ကောက်ခံသွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့ပါသည်။ အဆိုပါအကောက်ခွန်လျော့ချခြင်းသည် တောင်-ကိုရီးယားနိုင်ငံက အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကတိကဝတ်များနှင့်ပတ်သက်၍ အကောင်အထည်ဖော်နိုင်ရန် လွှတ်တော်တွင်ဥပဒေပြုခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်သည် လျှပ်ကူးပစ္စည်းများနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများအပေါ် အခွန် ၁၅ ရာခိုင်နှုန်းကောက်ခံခြင်းဖြင့် အမျိုးသားလုံခြုုံရေးကို ချုပ်ကိုင်ထားကြောင်းနှင့် တောင်ကိုရီးယားနိုင်ငံအား ၎င်း၏ ပြိုင်ဘက်နိုင်ငံများဖြစ်သော ဂျပန်နိုင်ငံနှင့် ထိုင်ဝမ်နိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ပေးနိုင်ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံသည် ယခင်က တောင်ကိုရီးယားနိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့်ပတ်သက်သော စက်ပစ္စည်းများအပေါ် အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံခဲ့ပါသည်။ သို့ရာတွင် တောင်ကိုရီးယားနိုင်ငံသည် သင်္ဘောတည် ဆောက်ရေးအပါအဝင် အမေရိကန်နိုင်ငံရှိ နည်းဗျူဟာမြောက်စက်ရုံများတွင် အမေရိကန်ဒေါ်လာ ၃၅၀ ဘီလီယံခန့်ရင်းနှီးမြှုပ်နှံရန်အတွက် ဆိုးလ်သဘောတူညီချက်အား ကောင်းမွန်စေရန်အတွက် ဥပဒေမူကြမ်းများရေးဆွဲခဲ့သဖြင့် အမေရိကန်နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံအပေါ် အကောက်ခွန်များလျော့ချကောက်ခံခဲ့ကြောင်း သိရှိရပါသည်။
Source: Yahoo Finance
DOCA (ရန်ကုန်)
