
အင်ဒိုနီးရှားသည် စိုက်ပျိုးမွေးမြူရေးတွင် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရန်အတွက် အန်ဂိုလာနှင့် အီသီယိုးပီးယားတို့ထံမှ စိတ်ဝင်စားမှုကို ရရှိခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ စီးပွားရေးရာ ညှိနှိုင်းဆွေးနွေးရေးဝန်ကြီး Airlangga Hartarto က တောင်အာဖရိကနိုင်ငံတွင်ကျင်းပသည့် G20 ညီလာခံ၏ သီးခြားညှိနှိုင်းအဝေးအပြီးတွင် ပြောကြားခဲ့ပါသည်။ Hartarto က နှစ်နိုင်ငံစလုံးသည် ၂၀၂၆ ခုနှစ်တွင် အင်ဒိုနီးရှားသို့လည်ပတ်ရန်စိတ်ဝင်စားမှုကိုပြသခဲ့ကြောင်း၊ သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ပြင်ဆင်မှုများပြုလုပ်ပြီးပါက အလားအလာရှိသောပူးပေါင်းဆောင်ရွက်မှုကို အဆင့် မြှင့်တင်ရန် သမ္မတ Prabowo Subianto ကို အကျဉ်းချုပ်တင်ပြမည်ဖြစ်ကြောင်းနှင့် အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံသူ ၅ ဦး မှ ၆ ဦးသည် အီသီယိုးပီးယားတွင် ရင်းနှီးမြှုပ်နှံပြီးဖြစ်ပြီး ၎င်းတို့သည် စိုက်ပျိုးမွေးမြူရေးနှင့် စားအုန်းဆီကဏ္ဍများတွင် အစိုးရထံမှပံ့ပိုးမှုလိုအပ်နေကြောင်း ပြောကြား ခဲ့ပါသည်။ အခြားနိုင်ငံများသည်လည်း အင်ဒိုနီးရှားနှင့်အတူ ကျယ်ပြန့်သောစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရန် စိတ်ဝင်စားမှုကိုဖော်ပြခဲ့ပြီး ဖင်လန်နိုင်ငံသည် ဒေသစင်တာ လုပ်ငန်းနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုကို ပြသခဲ့ကြောင်း သိရပါသည်။ စွမ်းအင်ကဏ္ဍ တွင်လည်း Pertamina နှင့် နိုင်ငံတကာမိတ်ဖက်များပါဝင်သော ရေနံနှင့် ဂတ်စ်လုပ်ငန်း နယ်ပယ်တွင် အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များကို ရရှိခဲ့ကြောင်း သိရပါသည်။ G20 ညီလာခံတွင် အဓိကကဏ္ဍ ၃ ခုတစ်လျောက် ကျယ်ပြန့်သောကမ္ဘာ လုံးဆိုင်ရာစိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ ပထမကဏ္ဍတွင် စီးပွားရေးပြသနာ များကိုဖြေရှင်းရန်၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးတွင် ဖွံ့ဖြိုးတိုးတက်မှုအခန်းကဏ္ဍနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အကြွေးဝန်ထုပ်ဝန်ပိုးတို့ကိုဖြေရှင်းရန်ဖြစ်ကြောင်း သိရပါသည်။ ဒုတိယကဏ္ဍမှာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင်အသွင်ကူးပြောင်းမှုနှင့် ကမ္ဘာလုံးဆိုင်ရာအစားအစာစနစ်များပါဝင်သော ကြံကြံခံနိုင်သောကမ္ဘာကို တည်ဆောက်ရန်ဖြစ်ကြောင်း သိရပါသည်။ တတိယကဏ္ဍမှာ ai အုပ်ချုပ်မှုနှင့် သတ္တုသယံဇာတများနှင့်ပတ်သတ်၍ ဆွေးနွေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
