Main menu

မလေးရှား၏ e-commerce ဝင်ငွေသည် ကိုးလအတွင်း ၁.၉ ရာခိုင်နှုန်းတက်လာ

Powered by Drupal

       ၂၀၂၅ ခုနှစ် ပထမကိုးလပတ်အတွက် မလေးရှားနိုင်ငံ၏ e-commerce မှ ၀င်ငွေသည် ရင်းဂစ် ၉၃၇.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၂၆.၆၇ ဘီလီယံ) သို့ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁.၉ ရာခိုင်နှုန်း တိုးလာကြောင်း တရားဝင်အချက်အလက် များအရ သိရသည်။

        မလေးရှားနိုင်ငံ စာရင်းအင်းဌာနက ဒုတိယသုံးလပတ်တွင် အမြင့်ဆုံး e-commerce ဝင်ငွေသည် ရင်းဂစ် ၃၁၃.၈ ဘီလီယံဖြင့် မှတ်တမ်းတင်ခဲ့ကြောင်း မလေးရှားနိုင်ငံ စာရင်းအင်းဌာနက ထုတ်ပြန်ခဲ့သည်။

        သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) စီးပွားရေးသည် ၂၃.၄ ရာခိုင်နှုန်းသို့မြင့်တက်ခဲ့ပြီး ၂၀၂၃ ခုနှစ်၏ ရင်းဂစ် ၄၂၉.၃ ဘီလီယံမှ ၂၀၂၄ ခုနှစ်တွင် ရင်းဂစ် ၄၅၁.၃ ဘီလီယံ သို့မြှင့်တက်လာခဲ့သည်။ တည်ငြိမ်သော e-commerce တိုးတက်မှု၊ အိုင်စီတီလုပ်ငန်း၏ တိုးချဲ့ပံ့ပိုးမှု၊ စီးပွားရေးလုပ်ငန်းများ၊ အိမ်ထောင်စုများနှင့် လူတစ်ဦးချင်းစီတွင် အိုင်စီတီအသုံးပြု မှုတိုးလာခြင်းနှင့် အမျိုးသားဆက်သွယ်ရေး အခြေခံအဆောက်အအုံများ အားကောင်းလာခြင်းတို့ကြောင့် မလေးရှားသည် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုတွင် သိသာထင်ရှားသော တိုးတက်မှုကို ကြုံတွေ့နေရကြောင်း အမှတ်အသားပြုခဲ့သည်ဟု သိရှိရပါသည်။

Source : Xinhua                                                                                  

DOCA(ရန်ကုန်)