Main menu

တရားမဝင်တင်သွင်းမှုတွေ့ရှိခဲ့ပြီးနောက် ဆန်တင်သွင်းမှုပိတ်ပင်ချက်ကို အင်ဒိုနီးရှားပြန်လည်အတည်ပြု

Powered by Drupal

        အင်ဒိုနီးရှားအစိုးရသည် နိုင်ငံတော်ဆန်ကိုယ်တိုင် ဖူလုံမှုအရှိန်မြှင့်တင်မည့် ၎င်းတို့၏ ကတိကဝတ်ကို ပြန်လည်အတည်ပြုခဲ့ပြီး နိုင်ငံတော်မူဝါဒကိုဖောက်ဖျက်သည့် မည်သည့်တင်သွင်းရန် ဆောင်ရွက်မှုများကိုမဆို တားမြစ်သွားမည်ဟု ပြောကြားခဲ့ပါသည်။ စိုက်ပျိုးမွေးမြူရေးဝန်ကြီး Andi Amran Sulaiman က အာဏာပိုင်များသည် Sabang မှတစ်ဆင့်ဝင်ရောက်လာသည့် တရားမဝင်ဆန်တန်ချိန် ၂၅၀ ကို တွေ့ရှိခဲ့ကြောင်း၊ ဆန်လက်ကျန်အများအပြားရှိနေသေး၍ တင်သွင်းမှုများကို တားမြစ်ထားကြောင်းနှင့် အစိုးရသည် ဆန်တင်သွင်းရန်ကြိုးပမ်းမှုများကို ကာကွယ်သွားမည်ဟု ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားစာရင်းအင်းအချက်အလက်များအရ နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၃၄.၇၇ သန်းထုတ်လုပ်ရန် ခန့်မှန်းရကြောင်း သိရပါသည်။ အင်ဒိုနီးရှားက မတင်သွင်းတော့သည့်အတွက် ဗီယက်နမ်နှင့် ထိုင်းဆန်ဈေးနှုန်းများ နည်းပါးသွားသည့်အတွက် ကမ္ဘာလုံးဆိုင်ရာဆန်ဈေးနှုန်းများကို ကျဆင်းစေခဲ့ကြောင်း သိရပါသည်။ တန်ချိန် ၂၅၀ တရားမဝင်တင်သွင်းမှုနှင့်ပတ်သတ်၍ Sulaiman က အစိုးရသည် နိုင်ငံအတွင်းသို့ ဆန်များခွင့်ပြုချက်မရပဲ တင်သွင်းလာကြောင်း ကနဦးသတင်းအချက်အလက် ရရှိသည့်နှင့် ချက်ချင်းအရေးယူမှုပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ Sulaiman က ၎င်း၏ရုံးသည် သက်ဆိုင်ရာအေဂျင်စီများနှင့် ညှိနှိုင်း ဆွေးနွေးခဲ့ပြီးနောက် ထိုတရားမဝင်ဆန်များကို ချက်ချင်းချိတ်ပိတ်ခဲ့ကြောင်းနှင့် PT MSG က ပိုင်ဆိုင်သည့် သိုလှောင်ရုံတွင် ထိန်းသိမ်းထားကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)