
ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီး Suphajee Suthumpun သည် ထိုင်းနိုင်ငံဈေးကွက် ဝေစုတိုးချဲ့ရန် အခွင့်အလမ်းများကိုရှာဖွေရန်နှင့် ထိုင်းကုန်ပစ္စည်းများအပေါ် အမေရိကန်၏ အကောက် ခွန်များလျော့ပါးသက်သာစေမည့်ဗျူဟာများကိုဆွေးနွေးရန်အတွက် အမေရိကန်ရှိ ထိုင်းဆန် အကြီးမားဆုံးတင်သွင်းသူနှင့် တွေ့ဆုံခဲ့ကြောင်း သိရပါသည်။ Otis McAllister Inc ၏အမှုဆောင် အရာရှိချုပ် Royce Nicolaisen နှင့် ဆွေးနွေးမှုများသည် ထိုင်း hom mali ဆန်နှင့် အခြားအလား အလာရှိသောမျိုးကွဲများပါဝင်သည့် ထိုင်းဆန်အတွက် ဈေးကွက်တိုးချဲ့ရန် ရည်ရွယ်ကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့ပါသည်။ ဝန်ကြီးနှင့် Mr Royce တို့သည် သွင်းကုန်များနှင့် ထောက်ပံ့ ပို့ဆောင်ရေးကုန်ကျစရိတ်များအပေါ် အမေရိကန်၏အကောက်ခွန်သက်ရောက်မှုနှင့် ထိုအရာများ ကိုဖြေရှင်းရန်အကြံပြုချက်များကို ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ ထို့ပြင်၎င်းတို့သည် ဈေးကွက်ဝယ်လိုအားအပေါ်သတင်းအချက်အလက်နှင့် ထိုင်းအစိုးရက ကုမ္ပဏီကိုပံ့ပိုးနိုင်သည့် ကမ်းလှမ်းချက်ကိုဝေမျှခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးက ကမ္ဘာလုံးဆိုင်ရာ မသေချာမရော မှုများကြားတွင် ထိုင်းနိုင်ငံသည် ထိုင်းထုတ်ကုန်များ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းအားကောင်းရန်အတွက် အစားအစာဖူလုံမှုအချက်အချာအဖြစ် ရပ်တည်နေကြောင်း ပြောကြားခဲ့ပါသည်။ Mrs Suphajee သည် ကုန်သွယ်မှုပမာဏမြင့်တက်ရန်နှင့် နှစ်ဖက်စလုံးအတွက် စီးပွားရေးမိတ်ဖက် ဖွဲ့မှုအသစ်များဖန်တီးရန်အတွက် ၂၀၂၆ ခုနှစ်၏ ပထမလ အနည်းငယ်အတွင်း ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ရန် Mr Nicolaisen ကို ဖိတ်ခေါ်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် Otis McAllister သည် အမေရိကန်ဒေါ်လာ ၁၅၁ သန်းကျော်တန်ဖိုးရှိသော ထိုင်းဆန်တန်ချိန် ၁၁၈၀၀၀ တန်တင်သွင်းခဲ့ကြောင်း သိရပါသည်။ ကုမ္ပဏီသည် ထိပ်တန်းလက်လီလက်ကား ရောင်းချသူများနှင့် အစားအစာဝန်ဆောင်မှုချန်နယ်များများတစ်လျောက် ကျယ်ပြန့်သောဖြန့်ချိရေးကွန်ယက်ကို ပိုင်ဆိုင်ထားကြောင်း သိရပါသည်။ ထို့ပြင် Otis McAllister သည် ထိုင်းစည်သွပ် ငါးနှင့် နာနတ်သီး၊ သစ်သီးခြောက်အစရှိသည့် အခြားထိုင်းထုတ်ကုန်များအတွက် ဝယ်လိုအားမြင့်မားနေကြောင်း ထုတ်ပြန်ခဲ့ပါသည်။ ကုမ္ပဏီသည် YouTube နှင့် TikTok တို့တွင် လူသိများ ကျော်ကြားသောစားဖိုမှုးများဖြင့် ထိုင်းဆန်ကို အရောင်းမြှင့်တင်ရေး ကြိုးပမ်းသွားရန် ဆန္ဒပြင်းပြနေကြောင်း သိရပါသည်။ Mrs Suphajee က အမေရိကန်ရှိစပိန်စကားပြောလတ်တင်အမေရိက စားသုံးသူများသည် ပိုမိုကျန်းမာသောထုတ်ကုန်များစားသုံးခြင်းဆီသို့ ဦးတည်နေခြင်းက ဆန်နှင့် အရည်အသွေးမြင့် ပြုပြင်ထုတ်လုပ်ထားသည့် အစားအစာများထုတ်လုပ်လျက်ရှိသည့် ထိုင်းနိုင်ငံ၏ အားသာချက်များနှင့် ကိုက်ညီနေကြောင်း ပြောကြားခဲ့ပါသည်။ ထိုအသွင်ကူးပြောင်းမှုသည် ထိုင်းနိုင်ငံအား ထိုဈေးကွက်သို့တင်ပို့မှုတိုးချဲ့ရန်အတွက် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း သိရှိပါသည်။
Bangkok Post
DOCA (ရန်ကုန်)
