Main menu

သီရိလင်္ကာ၏ ပို့ကုန်များသည် ၁၀ လအတွင်း အမေရိကန်ဒေါ်လာ ၁၄.၄ ဘီလီယံကျော်အထိ ရောက်ရှိ

Powered by Drupal

         သီရိလင်္ကာနိုင်ငံ၏ ပို့ကုန်ဝင်ငွေသည် ၂၀၂၅ ခုနှစ် ပထမ ၁၀ လတာကာလအတွင်း အမေရိကန်ဒေါ်လာ ၁၄.၄၃ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၆ ရာခိုင်နှုန်း တိုးတက်လာကြောင်း ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့ (EDB) က နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

         ဇန်နဝါရီမှ အောက်တိုဘာလအထိ နိုင်ငံ၏ ပို့ကုန်ဝင်ငွေသည် ဒေါ်လာ ၁၄ ဘီလီယံ ကျော်လွန်ခဲ့သည့် ပထမဆုံးအကြိမ်ဖြစ်ကြောင်း EDB က ပြောကြားခဲ့ပါသည်။ အုန်းသီးအခြေခံ ထုတ်ကုန်များသည်လည်း မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပြီး တစ်နှစ်၏ ပထမ ၁၀ လတာကာလ အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာ ၁ ဘီလီယံ ကျော်လွန်နိုင်ခဲ့ပါသည်။

          EDB ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Mangala Wijesinghe က ယခုအောင်မြင်မှုသည် သီရိလင်္ကာနိုင်ငံတွင် ဇန်နဝါရီမှ အောက်တိုဘာကာလအတွက် မှတ်တမ်းတင်ခဲ့ဖူးသမျှ အမြင့်ဆုံးပို့ကုန်တန်ဖိုးဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဓိကအနောက်တိုင်းဈေးကွက်များ တည်ငြိမ်စွာ ပြန်လည်နာလန်ထူလာမှုနှင့် ပြည်တွင်းစက်မှုလုပ်ငန်းများ၏ ထုတ်လုပ်မှုစွမ်းရည် တသမတ်တည်းရှိနေမှုတို့သည် တိုးတက်မှု၏ အဓိကမောင်းနှင်အားများဖြစ်ပါသည်။ နှစ်စဉ်ပို့ကုန်ပစ်မှတ် ဒေါ်လာ ၁၈ ဘီလီယံ၏ ၈၀ ရာခိုင်နှုန်းကို ရရှိပြီးဖြစ်ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                

DOCA (ရန်ကုန်)