
၂၅.၁၁.၂၀၂၅ ရက် (၁၁း၄၅) အချိန်တွင် M/S BAY LINE SHIPPING PTE,LTD (SINGAPORE) ကုမ္ပဏီပိုင် M.T Florentine (Mother Vessel) အမည်ရှိ စက်သုံးဆီတင်သင်္ဘောသည် သင်္ဘောကပ္ပတိန် Mr.Elpan Novandi Ngefak ပါ အင်ဒိုနီးရှားနိုင်ငံသား သင်္ဘောသား ၂၀ ဦး၊ မလေးရှားနိုင်ငံသား သင်္ဘောသား ၁ ဦး၊ ပေါင်း ၂၁ ဦးတို့ လိုက်ပါလျှက် Myanmar Energy King Co.Ltd မှ ပြည်ပမှတင်သွင်းလာသည့် ဒီဇယ်(ရိုးရိုး) ၁၀၉၇၃.၆၄၅ မထ္ထရစ်တန်၊ ဒီဇယ်(ပရီမီယမ်) ၇၃၇၉.၁၆၅ မထ္ထရစ်တန် တင်ဆောင်ကာ သံဖြူဇရပ်မြို့နယ်၊ ကျိုက်ခမီပင်လယ်ဝ Anchorage ခမ(အယ်လ်တီ-၄၂၄၇၅၆)တွင် ကျောက်ချရပ်နားထားကြောင်း သိရှိရပါသည်။
အဆိုပါနေရာသို့ ပြည်နယ်ရေကြောင်းရဲတပ်ဖွဲ့မှ ရဲမှူး ဇေယျာနိုင် ဦးစီး (၁+၂)ဦး၊ မော်လမြိုင်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝသန်ဦး၊ ပြည်နယ်မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးဝင်း၊ ပြည်နယ် အကောက်ခွန်ဦးစီးဌာနမှ ဒုအကောက်ခွန်မှူး ဦးမင်းသက်ဦး ပါ ၂ ဦး၊ ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်ချစ်၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းဌေး၊ မြန်မာ့ဆိပ်ကမ်းအာဏာ (မွန်ပြည်နယ်)မှ ဆိပ်ကမ်းအရာရှိချုပ် ဦးနေဦးထွန်း၊ ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးတင်အောင်ကျော်၊ မမစမှူး(မုဒုံ) ဒုရဲမှူး ဝင်းထွဋ်အောင်၊ မုဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ လဝကမှူး ဦးသီဟအောင် ပါ ၂ ဦး၊ သတင်းရဲတပ်ဖွဲ့စု(မုဒုံ)မှ ဒုရဲမှူး နေမင်းအောင်၊ မုဒုံမြို့နယ်အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းခိုင် တို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
