
၂၀၂၅ ခုနှစ်၏ ပထမ ၁၀ လတွင် ဗီယက်နမ်သည် တရုတ်နှင့် ဟောင်ကောင် (တရုတ်) သို့ ပုဇွန်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၆၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ အောက်တိုဘာလတစ်လတည်း တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ သန်း ၁၄၀ ရရှိခဲ့ကြောင်း ဗီယက်နမ်ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP) ၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါသည်။ အောက်တိုဘာလတွင် ဗီယက်နမ်၏ စုစုပေါင်း ပြည်ပသို့ပုဇွန်တင်ပို့မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၄၉၈ သန်းရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၂၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၁၀ လတွင် ဗီယက်နမ်၏စုစုပေါင်း ပုဇွန်တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃.၉ ဘီလီယံထိရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့် ကာလနှင့်နှိုင်းယှဉ်ပါက ၂၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ အောက်တိုဘာလတွင် ကြီးထွားမှုအဟုန်မှာ white-leg ပုဇွန်၏ မောင်းနှင်အားကြောင့်ဖြစ်ကြောင်း သိရပါသည်။ ဂျပန်၊ ကနေဒါနှင့် ဩစတေးလျတို့ထံမှ တည်ငြိမ်သောဝယ်လိုအားနှင့်အတူ CPTPP အောက်ရှိဈေးကွက် သို့တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရရှိခဲ့ပြီး ၃၃ ရာခိုင်နှုန်းကြီးထွားခဲ့ ကြောင်းသိရပါသည်။ အီကွေဒေါနှင့် အိန္ဒိယထံမှပြင်းထန်သောယှဉ်ပြိုင်မှုရှိသော်လည်း အမေရိ ကန်ဈေးကွက်သို့ တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၇၀၂ သန်းရရှိခဲ့ပြီး အားကောင်းသော ဝယ်နိုင်စွမ်းကိုပြသခဲ့ကြောင်း သိရပါသည်။ white-leg ပုဇွန်တင်ပို့မှုသည်ဝင်ငွေ အမေရိကန် ဒေါ်လာ ၂.၅ ဘီလီယံဖြင့် စုစုပေါင်းတင်ပို့မှု၏ ၆၅ ရာခိုင်နှုန်းနီးပါးရှိခဲ့ကြောင်း သိရပါသည်။ ယှဉ်ပြိုင်နိုင်စွမ်းရှိသောဈေးနှုန်း နှင့် များစွာသောဈေးကွက်များထံမှဝယ်လိုအားတို့၏ မောင်းနှင်အားကြောင့် ထိုပုဇွန်အမျိုးအစားတင်ပို့မှုမှာ ကြီးထွားမှုမြန်ဆန်ခဲ့ကြောင်း သိရပါသည်။ ဂျပန်ကဲ့သို့သောအစဉ်အလာဈေးကွက်များထံမှ တည်ငြိမ်သောဝယ်လိုအားကို ထိန်းထားနိုင်မှုကြောင့် black tiger ပုဇွန်တင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ ၃၈၅ သန်းရရှိခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်သည် အေးခဲထားသောပြုပြင်ထုတ်လုပ်ထားသည့်ပုဇွန်တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၉၉၁ သန်း ရရှိခဲ့ကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
