Main menu

အရောင်းသွက်လျက်ရှိသည့် မန္တလေးစကားဝါပန်းစျေးကွက်

Powered by Drupal

         မန္တလေးမြို့၊ ရေနီမြောင်းစျေးတွင်‌ ဆောင်းဦးရာသီချိန်ဖြစ်၍ စကားဝါပန်းကုံးများ ဝင်ရောက်မှုများပြားပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးစျေးကွက်အတွင်းသို့ ပြင်ဦးလွင်မြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ် (ပုပ္ပားဒေသ) တို့မှထွက်ရှိသည့် ပန်းများနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်စကားဝါပန်းနှင့် စကားဖြူပန်းများ ဝင်ရောက်မှုများပြားကြောင်း သိရပါသည်။ ၂၀၂၅ခုနှစ်  နိုဝင်ဘာလစတုတ္ထပတ်အတွင်း စျေးနှုန်းများမှာ စကားဝါပန်းနှင့် စကားဖြူပန်း ၁၀ ကုံးလျှင် လက္ကား စျေး၂၅၀ဝိ/-နှင့် ၂၈၀ဝိ/- ၊လက်လီစျေး ၃၀၀၀ ကျပ် နှင့် ၃၅၀၀ကျပ်စျေးအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)