
မန္တလေးမြို့၊ ရေနီမြောင်းစျေးတွင် ဆောင်းဦးရာသီချိန်ဖြစ်၍ စကားဝါပန်းကုံးများ ဝင်ရောက်မှုများပြားပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးစျေးကွက်အတွင်းသို့ ပြင်ဦးလွင်မြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ် (ပုပ္ပားဒေသ) တို့မှထွက်ရှိသည့် ပန်းများနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်စကားဝါပန်းနှင့် စကားဖြူပန်းများ ဝင်ရောက်မှုများပြားကြောင်း သိရပါသည်။ ၂၀၂၅ခုနှစ် နိုဝင်ဘာလစတုတ္ထပတ်အတွင်း စျေးနှုန်းများမှာ စကားဝါပန်းနှင့် စကားဖြူပန်း ၁၀ ကုံးလျှင် လက္ကား စျေး၂၅၀ဝိ/-နှင့် ၂၈၀ဝိ/- ၊လက်လီစျေး ၃၀၀၀ ကျပ် နှင့် ၃၅၀၀ကျပ်စျေးအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။
DOCA(မန္တလေး)
