Main menu

စက်တင်ဘာလအတွင်း ဘရူနိုင်းနိုင်ငံ၏ ကုန်သွယ်မှုစုစုပေါင်းတန်ဖိုးမှာ ဘရူနိုင်းဒေါ်လာ ၁ ဒသမ ၇ ဘီလီယံနီးပါးရှိ

Powered by Drupal

   စက်တင်ဘာလအတွင်း ဘရူနိုင်းနိုင်ငံ၏ ကုန်သွယ်မှုစုစုပေါင်းတန်ဖိုးမှာ ဘရူနိုင်းဒေါ်လာ ၁ ဒသမ ၇ ဘီလီယံနီးပါး  (အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၁ ဘီလီယံ) အထိ ရောက်ရှိခဲ့ကြောင်း ဘရူနိုင်းနိုင်ငံ၏ ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ထားသော စာရင်းအင်းများအရ သိရသည်။

    စက်တင်ဘာလအတွင်း ပို့ကုန်တန်ဖိုးမှာ ဘရူနိုင်းဒေါ်လာ ၁ ဒသမ ၀၃ ဘီလီယံရှိပြီး သွင်းကုန်တန်ဖိုးမှာ ဘရူနိုင်းဒေါ်လာ ၆၇၀ ဒသမ ၅ သန်း ရှိခဲ့ကြောင်း ဘရူနိုင်းနေ့စဉ်ထုတ် သတင်းစာ ဘော်ဒီယို ဘူလက်တင်၏ ဖော်ပြချက်အရ သိရသည်။

    တွင်းထွက်လောင်စာများသည် ပို့ကုန်ဝင်ငွေရရှိမှုတွင် ၇၆ ဒသမ ၇ ရာခိုင်နှုန်းအထိရှိပြီး ယင်းနောက်တွင် ဓာတုပစ္စည်းများက ၂၁ ရာခိုင်နှုန်း၊ စက်ယန္တရားနှင့် သယ်ယူပို့ဆောင်ရေးပစ္စည်းများ ၀ ဒသမ ၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

Source: ဆင်ဟွာ                                                               

DOCA(ပြည်ထောင်စုနယ်မြေ)