
ဗီယက်နမ်နိုင်ငံ၌ ကောက်ပဲသီးနှံထုတ်လုပ်မှုနှင့် အပင်ကာကွယ်ရေးဦးစီးဌာနသည် မဲခေါင် မြစ်ဝကျွန်းပေါ်ဒေသအတွက် အရည်အသွေးမြင့်မားပြီး မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု နည်းပါး သည့် စပါးစိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းများကို ထုတ် ပြန်ခဲ့သည့်နည်းတူ စိုက်ပျိုးရေးပတ်ဝန်းကျင်ဆိုင်ရာ သုတေသန သိပ္ပံဌာနကလည်း ယင်းဒေသ အတွင်း အဆိုပါ ဆန်စပါးစိုက်ပျိုးမှုအတွက် တိုင်းတာခြင်း၊ အစီရင်ခံခြင်းနှင့် အတည်ပြုခြင်းဆိုင်ရာ ထုတ်လွှတ်မှုနည်းသောဆန်များ စိုက်ပျိုးမှုကို တိုင်းတာခြင်း၊ အစီရင်ခံခြင်းနှင့် စိစစ်ခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းများ (MRV Protocol) ကို ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါ စည်းမျဉ်းစည်းကမ်းနှစ်ရပ်သည် ၂၀၃၀ ပြည့်နှစ်တွင် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ စိမ်းလန်းစိုပြေစေရေး မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု နည်းပါးပြီး အရည်အသွေးမြင့်မားသော ဆန်စပါး ထုတ်လုပ်မှုဧရိယာ ဟက်တာတစ်သန်းရှိသော စိုက်ခင်းများ ရေရှည်တည်တံ့ဖွံ့ဖြိုးစေရန် ချိတ်ဆက်ထားသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။
ယင်းတို့ကို ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း နွေစပါးသီးနှံရာသီ၌ ကနဦးစမ်းသပ်စိုက်ပျိုးမည်ဖြစ် ပြီး ၂၀၂၇ ခုနှစ်မှ စတင်လျက် ဒေသအလိုက် စိုက်ပျိုးသွားမည်ဖြစ်သည်။ အဆိုပါ စည်းကမ်းချက် များတွင် ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေး စွမ်းဆောင်ရည်နှင့် လယ်သမားများအတွက် စီးပွားရေး အကျိုးအမြတ် ဖြစ်ထွန်းမှုတို့အား စောင့်ကြည့်အကဲဖြတ်ရန် အထောက်အကူပြု ကိရိယာပစ္စည်း များ ဖွံ့ဖြိုးတိုးတက်ရေးတို့လည်း ပါဝင်သည်။
အရည်အသွေးမြင့်ပြီး ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းသော စပါးထုတ်လုပ်မှု အစီအစဉ်တွင် စပါး မျိုးများ ရွေးချယ်ခြင်း၊ စိုက်ပျိုးမြေပြင်ဆင်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ မျိုးအောင်ခြင်း၊ ရေစီမံခန့်ခွဲခြင်း၊ ပိုးမွှားထိန်းချုပ်ခြင်း၊ ရိတ်သိမ်းခြင်း၊ သိုလှောင်ခြင်းနှင့် စျေးကွက်ချိတ်ဆက်ခြင်းတို့ဖြင့် ပြီးပြည့်စုံ သော လမ်းညွှန်မှုများပါဝင်ပါသည်။ ယင်း၏ရည်ရွယ်ချက်မှာ ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရန်၊ ထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချရန်နှင့် အထွက်နှုန်းနှင့် စပါးအရည်အသွေး မြှင့်တင်ရန်တို့ ဖြစ် သည်။
MRV protocol သည် စပါးစိုက်ပျိုးမှုတွင် မှန်လုံအိမ်ဓာတ်ငွေ့လျှော့ချမှုကို တိုင်းတာခြင်း၊ အစီရင်ခံခြင်းနှင့် စစ်ဆေးခြင်းအတွက် စနစ်တစ်ခု တည်ထောင်ထားခြင်းဖြစ်ပြီး စိုက်ပျိုးရေးဆိုင်ရာ ကာဗွန် ထုတ်လွှတ်မှုဆိုင်ရာများ အသိအမှတ်ပြုခြင်းနှင့် အတည်ပြုခြင်းတို့အတွက် အခြေခံစနစ် တစ်ခု ဖြစ်သည်။ စမ်းသပ်လုပ်ငန်းခွင်နေရာများမှ ကွင်းဆင်းအချက်အလက်များကို အသုံးပြု၍ သုတေသနဌာနများ၊ တက္ကသိုလ်များ၊ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် နိုင်ငံတကာ ကျွမ်းကျင်သူ များအကြား အနီးကပ် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စည်းကမ်းချက်များကို ဗီယက်နမ်၏ ဆန်စပါး ကဏ္ဍအတွက် ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။
ဗီယက်နမ်သည် နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီပြီး လက်ရှိကမ္ဘာ၏ အချက်အလက်များ ကို အခြေခံ၍ တိုင်းတာခြင်းနှင့် စိစစ်ခြင်းစနစ်ကို ဆောင်ရွက်ခြင်းဖြင့် Conference of the Parties 26 (COP26) သတ်မှတ်ချက်များ၊ သဘောတူညီချက်နှင့်စပ်လျဉ်းသည့် ၎င်း၏ ကတိကဝတ်များကို ခိုင်မာသောတိုးတက်မှုအောင် လုပ်ဆောင်နေခြင်းဖြစ်သည်။ ဤရေရှည်တည်တံ့သော ထုတ်လုပ်မှု များနှင့် MRV protocol များ ပြီးမြောက်အောင်ဆောင်ရွက်နိုင်ပါက လာမည့်နှစ်များတွင် တစ်နိုင်ငံ လုံး အတိုင်းအတာဖြင့် အကောင်အထည်ဖော်ရန် တရားဝင်အခြေခံအုတ်မြစ်တစ်ခုအဖြစ် ပံ့ပိုးပေး နိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ရေးရာ ဒုတိယ၀န်ကြီး Tran Thanh Nam က ပြောကြားခဲ့ပါသည်။
ဝန်ကြီးဌာန၏ အဆိုအရ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက် နှစ်ရပ်ကို လက်ခံကျင့်သုံး ခြင်းသည် နည်းပညာလိုအပ်ချက်တစ်ခုမျှသာမကဘဲ ဗီယက်နမ်၏ ဆန်စပါးကဏ္ဍကို ရိုးရာစိုက်ပျိုး ထုတ်လုပ်မှုမှသည် စိမ်းလန်းသော (Green)၊ ခေတ်ဆန်သော (Smart)၊ လည်ပတ်သုံးစွဲနိုင်သော (Circular)၊ ထုတ်လွှတ်မှုနည်းပါးသော (Low-emission) ထုတ်လုပ်မှုပုံစံသို့ ပြောင်းလဲရေးအတွက် ခြေလှမ်းတစ်ခု စတင်ခြင်းဖြစ်သည်။ ဝန်ကြီးဌာနသည် ပြည်နယ်များ၊ လုပ်ငန်းအဖွဲ့အစည်းများ၊ သမဝါယမအဖွဲ့အစည်းများနှင့် တောင်သူလယ်သမားများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် ညွှန် ကြားထားပြီး ယင်းစံလုပ်ထုံးလုပ်နည်းများအား မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတစ်လျှောက်ရှိ ဆန် စပါးထုတ်လုပ်မှုအတွက် စံနှုန်းအသစ်များအဖြစ် ပြောင်းလဲဖော်ဆောင်ကြရန် တိုက်တွန်းနှိုးဆော် ခဲ့သည်။
Source: SS Rice News, 27 November 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
