Main menu

ပါကစ္စတန်နိုင်ငံ၏ အစားအသောက်တင်သွင်းမှုများ အမေရိကန်ဒေါ်လာ ၃ ဘီလီယံအထိ မြင့်တက်လျက်ရှိ

Powered by Drupal

        ၂၀၂၅ ဘဏ္ဍနှစ် ပထမ လေးလတာကာလအတွင်း ပါကစ္စတန်နိုင်ငံ၏ အစားအသောက်တင်သွင်းမှု ကုန်ကျငွေသည်  အမေရိကန်ဒေါ်လာ ၃ ဘီလီယံခန့်ရှိခဲ့ကြောင်းနှင့် ယခင်အလားတူ ကာလတွင် ကုန်ကျခဲ့သော တင်သွင်းမှုကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂.၃၄၀ ဘီလီယံထက် ၃၁.၃၈ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း သိရပါသည်။ အဆိုပါမြင့်တက်လာမှုသည် ပြည်တွင်းထုတ်လုပ်မှုနှင့် ထောက်ပို့မှုအခက်အခဲများကြားတွင် အစားအသောက်ကုန်ပစ္စည်းများတင်သွင်းမှုအပေါ် မှီခိုမှုကြီးထွားလာခြင်းကို အထူးအလေးပေးဖော်ပြနေကြောင်း သိရပါသည်။ အဆိုပါ မြင့်တက်လာခြင်းသည် ပြည်တွင်းလိုအပ်ချက်များကိုက်ညီရန်အတွက် သကြား၊ စားအုန်းဆီနှင့်  လက်ဖက်တင်သွင်းမှုများမြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ ပါကစ္စတန်နိုင်ငံ စာရင်းအင်းဌာနမှ ထုတ်ပြန်သောအချက်အလက်များအရ စားအုန်းဆီတင်သွင်းမှုသည် ပဲအမျိုးမျိုး၊ လက်ဖက်၊ ပဲပိစပ်ဆီနှင့် သကြားတင်သွင်းမှုများအကြားတွင် အများဆုံးတင်သွင်းမှုဖြစ်ကြောင်း သိရပါသည်။ ပါကစ္စတန်နိုင်ငံသည် ယခုဘဏ္ဍာနှစ် လေးလတာကာလအတွင်းတွင် သကြားတန်ချိန် ၂၃၁၃၉၀ မက်ထရစ်တန်ခန့်တင်သွင်းခဲ့ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံ နှင့်လက်မှတ်ရေးထိုးခဲ့သော ကုန်သွယ်ရေးသဘောတူညီမှုတစ်စိတစ်ပိုင်းအနေဖြင့် ပါကစ္စတန်နိုင်ငံသည် ဇူလိုင်လမှ အောက်တိုဘာလအတွင်းတွင် ပဲပိစပ်ဆီတင်သွင်းမှု အမေရိကန်ဒေါ်လာ ၆၆.၁၀၈ သန်းခန့်ရောက်ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလတွင်တင်သွင်းခဲ့သော တင်သွင်းမှု အမေရိကန်ဒေါ်လာ ၅၈.၅၀၉ သန်းထက် ၁၂.၉၉ ရာခိုင်နှုန်းခန့်မြင့်တက်လာကြောင်း သိရပါသည်။ အဆိုပါမြင့်တက်မှုသည် စားအုန်းဆီလိုအပ်မှုကို လျော့ချရန်နှင့် အမေရိကန်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလေးနက်လာစေရန် ဖြစ်ကြောင်း သိရပါ သည်။ စားအုန်းဆီတင်သွင်းမှုပမာဏသည်လည်း အမေရိကန်ဒေါ်လာ ၁.၃၂၅ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး အရင်နှစ်အလားတူကာလတွင် တင်သွင်းခဲ့သော အမေရိကန်ဒေါ်လာ ၁.၀၂၄ ဘီလီယံထက်၂၉.၃၇ ရာခိုင်နှုန်းမြင့်တက်လျက်ရှိကြောင်း သိရပါသည်။ စားသုံးမှုများမြင့်တက် သော်လည်း ပဲအမျိုးမျိုးတင်သွင်းမှုသည် ယခင်နှစ်တွင် အမေရိကန်ဒေါ်လာ ၂၉၇.၈၀၀ သန်းခန့်ရှိရာမှ ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၅၅.၄၆၁ သန်းခန့်တင်သွင်းခဲ့ကာ ၁၄.၂၂ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း သိရပါသည်။ ပါကစ္စတန်နိုင်ငံ၏ တစ်ခြားသော အစားအသောက်တင်သွင်းမှုများသည် ယခင်နှစ်တွင်တင်သွင်းခဲ့သော အမေရိကန်ဒေါ်လာ ၁.၀၂၄ ဘီလီယံမှ ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၃၂၅ ဘီလီယံအထိရောက်ရှိခဲ့ပြီး ၂၉.၃၇ ရာခိုင်နှုန်းခန့်မြင့်တက်လာကြောင်း ပါကစ္စတန်နိုင်ငံ စာရင်းအင်းဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။

Source: Dawn                                                                           

DOCA (ရန်ကုန်)