Main menu

နီပေါနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ဆက်လက်တိုးတက်

Powered by Drupal

          နီပေါနိုင်ငံသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၏ ပထမလေးလတာ ကာလအတွင်း နိုင်ငံခြားကုန်သွယ်မှုသည် ယခင်နှစ် အလားတူကာလထက် ၂၄.၁၈ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ကြောင်း အစိုးရသတင်းဌာနမှ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

          ပို့ကုန်နှင့် သွင်းကုန်နှစ်ခုလုံးတိုးတက်လာမှုကြောင့် ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်အလားတူ ကာလက ရူပီး ၅၆၆.၀၅ ဘီလီယံ ရှိခဲ့ရာမှ ယခုနှစ် ဇူလိုင်လအလယ်မှ နိုဝင်ဘာလလယ်အတွင်း စုစုပေါင်းကုန်သွယ်မှု ပမာဏသည် နီပေါရူပီး ၇၀၂.၉၄ ဘီလီယံ အထိ ရောက်ရှိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနက အစီရင်ခံတွင် ဖော်ပြထားပါသည်။

          ပို့ကုန်ပမာဏသည် ရူပီး ၉၃.၄၉ ဘီလီယံအထိ ၇၇.၅၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ သွင်းကုန်ပမာဏမှာ ရူပီး ၆၀၉.၄၅ ဘီလီယံ ၁၈.၇၁ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ကြောင်း ဦးစီးဌာနက ထပ်‌လောင်းပြေားကြားခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)