Main menu

“မြစ်သားမြို့နယ်၊ ကူမဲမြို့တွင် ပြည်သူ့သက်သာဈေးရောင်းချခြင်းပြုလုပ်”

Powered by Drupal

        မြစ်သားမြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူ ရရှိနိုင်ရေးအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်းစီစဉ်မှုဖြင့် လုပ်ငန်းရှင်များနှင့်ညှိနှိုင်း၍ စားသုံးသူပြည်သူများအားသက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည် ။ နိုဝင်ဘာ(၁၇) ရက်နေ့တွင် မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ၊ တောက်ပရစ်ဘုရားဝန်းအတွင်း၌ အခြေခံစားသောက် ကုန်ပစ္စည်းများဖြစ်သောအမဲသား တစ်ပိဿာလျှင် (၂၅၀၀၀/-)ကျပ် ၊ ဝက်သား တစ်ပိဿာလျှင် (၂၆၀၀၀/-) ကျပ် ၊ ဆိတ်သား (၁)ပိဿာလျှင် (၂၈၀၀၀/-)ကျပ် ၊ ကြက်သား တစ်ပိဿာလျှင် (၂၀၀၀၀/-)ကျပ် ၊ စားအုန်းဆီ (၁)ပိဿာလျှင် (၇၄၇၅/-)ကျပ် နှင့် ဟင်းသီးဟင်းရွက်တို့အား ရောင်းချပေးခဲ့ပြီး ပြည်သူများသက်သာ ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အပတ်စဉ် သက်မှတ်ထားသော နေရာများတွင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တ‌လေး)