Main menu

ညောင်တုန်းမြို့နယ်မှ ဆန်နှင့် ဆန်ကွဲတင်ပို့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိ

Powered by Drupal

      ညောင်တုန်းမြို့နယ်အတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှုအခြေအနေများကို ကွင်းဆင်းစုံစမ်းရာ ပြည်ပနှင့် ပြည်တွင်းသို့ တင်ပို့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသော်လည်း ယခင်ကာလများနှင့် နှိုင်းယှဉ်ပါက တင်ပို့မှုပမာဏ အနည်းငယ်လျော့နည်းလာကြောင်း သိရသည်။

         စုံစမ်းရရှိချက်များအရ ပြည်ပသို့ ဆန် ၇,၂၈၀ အိတ်ကို ကုန်တင်ယာဉ် ၁၄ စီးဖြင့် တင်ပို့ခဲ့ပြီး၊ ပြည်တွင်းသို့ ဆန် ၅,၇၆၁ အိတ်ကို ကုန်တင်ယာဉ် ၁၅ စီးဖြင့် တင်ပို့ခဲ့သည်။ ထို့ကြောင့် ဆန်စုစုပေါင်း ၁၃,၀၄၁ အိတ်ကို ကုန်တင်ယာဉ် ၂၉ စီးဖြင့် တင်ပို့ခဲ့ကြောင်း သိရသည်။

      အလားတူ ဆန်ကွဲတင်ပို့မှုအနေဖြင့် ပြည်ပသို့ ၁,၆၈၀ အိတ်ကို ကုန်တင်ယာဉ် ၃ စီးဖြင့်လည်းကောင်း၊ ပြည်တွင်းသို့ ၉၁၄ အိတ်ကို ကုန်တင်ယာဉ် ၃ စီးဖြင့်လည်းကောင်း တင်ပို့ခဲ့ရာ ဆန်ကွဲစုစုပေါင်း ၂,၅၉၄ အိတ်ကို ကုန်တင်ယာဉ် ၆ စီးဖြင့် တင်ပို့ခဲ့ကြောင်း သိရသည်။

     ကွင်းဆင်းလေ့လာချက်များအရ လက်ရှိကာလတွင် ဆန်နှင့် ဆန်ကွဲတင်ပို့မှုများမှာ ယခင်ကာလထက် အနည်းငယ်လျော့နည်းလာသော်လည်း လှေထိုးစပါးသစ်များ အနည်းငယ်ထွက်ရှိလာပြီဖြစ်သဖြင့် ဆန်စက်လုပ်ငန်းများ၌ စပါးဝင်ရောက်မှုများ စတင်ရှိလာကြောင်း သိရသည်။

       မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဆန်နှင့် ဆန်ကွဲတင်ပို့မှု၊ စပါးဝင်ရောက်မှုနှင့် ဈေးကွက်အခြေအနေများကို စဉ်ဆက်မပြတ် ကွင်းဆင်းစောင့်ကြည့်၍ ကုန်စည်စီးဆင်းမှုအခြေအနေများကို အချိန်နှင့်တစ်ပြေးညီ စုစည်းတင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)