Main menu

Afghanistan နိုင်ငံ၏ သတ္ထုတူးဖော်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလိုသည့် အီရန်နိုင်ငံ

Powered by Drupal

              အီရန်နိုင်ငံသံအမတ် Alireza Bikdeli သည် Afghanistan နိုင်ငံ၏ သတ္ထုနှင့်ရေနံ ဝန်ကြီး Hedayatullah Badri နှင့်တွေ့ဆုံဆွေးနွေးပွဲတွင် Afghanistan နိုင်ငံ၏ သတ္ထုတူးဖော်ရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလိုကြောင်း ပြောကြားခဲ့ပါသည်။ သတ္ထုနှင့်ရေနံဝန်ကြီးဌာန၏ ထုတ်ပြန် ချက်များအရ အီရန်နိုင်ငံကုန်သွယ်ရေးကုန်သည်ကြီးများအသင်းကိုယ်စားလှယ်အဖွဲ့သည် ကြေးနီ၊ ရွှေနှင့် သံစီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ဆန္ဒရှိကြောင်း သိရပါသည်။ Badri က ပြည်တွင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ကမ္ဘာ့စတော့ရှယ်ယာ ကိုင်ဆောင်သူ များကို ကြိုဆိုရန်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း အထူးအလေးပေး ပြောကြားခဲ့ပါသည်။ ၎င်းက သတ္ထုတူးဖော်ရေးနှင့် ထုတ်လုပ်သန့်စင်ရေးလုပ်ငန်းများကို ပြည်တွင်းစည်းမျဥ်း များသတ်မှတ်ချက်များနှင့်အညီ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထပ်ပေါင်းပြောကြားခဲ့ပါသည်။ အဆိုပါ ခေါင်းဆောင် ၂ ဦးတွေ့ဆုံပွဲသည် Afghanistan နိုင်ငံ၏ သတ္ထုတူးဖော်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် ခြေလှမ်းဖြစ်ပြီး Kabul နှင့် Tehran ကြား စီးပွားရေးဆက်ဆံမှု အားကောင်းလာ စေမည့်လုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်း သိရပါသည်။

 DOCA (ရန်ကုန်)