Main menu

Anthropic တွင် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံတော့မည့် Microsoft နှင့် Nvidia

Powered by Drupal

             Microsoft ကုမ္ပဏီနှင့် Nvidia ကုမ္ပဏီတို့သည် Ai သဘောတူညီမှု နှင့် ကလောက်ဝန်ဆောင်မှုများ ဝယ်ယူရန်အတွက် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံခန့်အား Anthropic တွင် ရင်းနှီးမြှုပ်နှံတော့မည်ဖြစ်ကြောင်း သိရပါသည်။

          အဆိုပါကြေညာချက်သည် လူသားအသိပညာထက်သာလွန်အောင် ပြုလုပ်နိုင်မည့်စနစ်တည်ဆောက်ရန် ကြိုးပမ်းနေသည့် ကုမ္ပဏီများ၏ AI လုပ်ငန်းများ၏ လည်ပတ်မှုကို အထူးအလေးပေးဖော်ပြနေကြောင်း သိရပါသည်။

          ထို့အပြင် အဆိုပါကြေညာချက်သည် ChatGPT ပြုလုပ်သူများအတွက် အခွင့်အလမ်းများ နှင့် ဘဏ္ဍာရေးဆိုင်ရာလွတ်လပ်မှုများပေးစွမ်းနိုင်မည့် Ai စနစ်ပြန်လည်တည်ဆောက်ရန်အတွက် Amazon.com မှ ကလောက်ဝန်ဆောင်မှုများကို အမေရိကန်ဒေါ်လာ ၃၈ ဘီလီယံဖြင့် ဝယ်ယူရန် OpenAI ၏ ဖော်ပြမှုအပြီးတွင် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရပါသည်။ 

DOCA (ရန်ကုန်)