Main menu

CAFE 25 သည် စိုက်ပျိုးရေးကဏ္ဍတွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဆန်းသစ်တီထွင်မှု များကို တွန်းအားပေးမည်ဖြစ်ကြောင်း Dith Tina ပြောကြား

Powered by Drupal

           ကမ္ဘောဒီးယား စိုက်ပျိုးရေးဖိုရမ်နှင့်ပြပွဲ ၂၀၂၅ (CAFE25) သည် ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးနှင့်အစားအစာကဏ္ဍတွင် ကုန်သွယ်မှုကို မြှင့်တင်ရန်၊ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်နှင့် ဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန်အတွက် တက်ကြွစွာ ဆောင်ရွက်မည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း (MAFF) ဝန်ကြီး Dith Tina က ပြောကြားခဲ့ သည်။ Diamond Island Convention And Exhibition Center (DICE) တွင် ကျင်းပပြုလုပ်ခဲ့ သော CAFE25 ၏ ပိတ်ပွဲအခမ်းအနားတွင် Dith Tina က CAFE25 သည် စိုက်ပျိုးရေး ထုတ်ကုန်များနှင့် ဆက်စပ်သော စိန်ခေါ်မှုများအတွက် ဖြေရှင်းချက်များကို ရှာဖွေခြင်း၊ အရေအတွက်၊ အရည်အသွေးနှင့် ဈေးနှုန်းအရ ဈေးကွက်များကို အမှန်တကယ် လိုအပ်ချက်များနှင့်ချိတ်ဆက်ပေးခြင်း၊အထူးသဖြင့်ဘဏ်လုပ်ငန်းကဏ္ဍမှ စိုက်ပျိုးရေးနည်းပညာကဏ္ဍများအထိ သက်ဆိုင်ရာအကျိုးတူပါဝင်သူအားလုံးကို အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရန်နှင့် မျှဝေအကျိုးကျေးဇူးများကို သေချာစေရန် ပါဝင်ဆောင်ရွက် ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ လယ်သမားများ၊ ပြုပြင် ထုတ်လုပ်သူများ၊ ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများအပါအဝင် စိုက်ပျိုးရေးတန်ဖိုး ကွင်းဆက် တစ်လျှောက်ရှိ ပါဝင်သူအားလုံးကို ချိတ်ဆက်ပေးခြင်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေး-အစားအစာကဏ္ဍတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းအသစ်များကို ရယူပေးနိုင်မည်ဖြစ်ကြောင်း Dith Tina က ထပ်လောင်း ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)