Main menu

AI နည်းပညာသုံး ဆေးတောင့်က ၈ မိနစ်အတွင်း နာကျင်မှုမရှိဘဲ အစာအိမ်ရောဂါစမ်းသပ်စစ်ဆေးမှုကို လုပ်ဆောင်နိုင်

Powered by Drupal

     တရုတ်နိုင်ငံတွင် အလွန်သေးငယ်သော AI နည်းပညာသုံးဆေးတောင့်လေးတစ်ခုက အစာအိမ်ရောဂါစမ်းသပ်စစ်ဆေးမှုများကို အစားထိုးပြောင်းလဲလုပ်ဆောင်ပေးလျက်ရှိပြီး ယင်းဆေး တောင့်ကို မျိုချကာ ၈ မိနစ် စောင့်ဆိုင်းရုံမျှဖြင့် စစ်ဆေးမှုများလုပ်ဆောင်ပြီးဖြစ်သည်။ ပြွန်မလို၊ မေ့ဆေးမလို၊ မသက်မသာဖြစ်စရာလည်း မလိုအပ်ပေ။ ယခုဆိုလျှင် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂၈၀ အောက်သာ ကျသင့်တော့မည်ဖြစ်ပြီး အဆိုပါစစ်ဆေးမှုကို ပိုမိုအသုံးပြုခွင့်ရရှိနိုင် တော့မည်ဖြစ်ရာ အနာဂတ်တွင် လူနာများစွာအတွက် ပိုမိုအကျိုးပြုနိုင်လိမ့်မည်ဟု မျှော်မှန်းထား ကြောင်း သိရသည်။

Source: ဆင်ဟွာ                                                     

DOCA(ပြည်ထောင်စုနယ်မြေ)