Main menu

စားသုံးဆီအရောင်းဆိုင်များ ညွှန်ကြားချက်နှင့် အညီရောင်ချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဉီးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာန မှ ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့၊ နံနက် (၁၀ : ၀၀)နာရီအချိန်တွင် ဖျာပုံမြို့ ဦးအောင်ခိုင်ဝင်း စားသုံးဆီနှင့် ကုန်ခြောက်အရောင်းဆိုင်တွင် စားအုန်းဆီသတ်မှတ်ညွှန်ကြားချက် ဈေးနှုန်းနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ရောင်ချနေသောစားအုံးဆီအရောင်းဆိုင်များတွင် ရက်စွဲ အလိုက် ဈေးနှုန်း ဆိုင်းဘုတ်ချိတ်ဆွဲထားရှိမှုအခြေအနေ ရှိ/မရှိ၊ ဆီအချိန်အတွယ်မှန်ကန်စေရေး၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအား အသေးစိတ်ရှင်းလင်းပြောကြားပြီး လုပ်ငန်းရှင်များ အနေဖြင့်ရောင်းဝယ်ရာတွင် ကိန်းဂဏန်းများတိတိကျကျ ဖော်ပြရန်လိုကြောင်းကို ဆွေးနွေးပြော ကြားခဲ့ကြောင်း သိရှိရပါသည်။

( Doca ဧရာဝတီ )