Main menu

မြန်အောင်မြို့မနေခြည်ဈေးအတွင်းရှိ ဆန်လက်လီ၊လက်ကားအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁၇.၁၁.၂၀၂၅) ရက် နေ့ ၊ နံနက်(၁၀:၀၀)အချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြန်အောင်မြို့မနေခြည်ဈေးအတွင်းရှိ ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ  ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် မြန်အောင်မြို့မနေခြည်ဈေးအတွင်းရှိ ဆန်လက်လီ၊ လက်ကား အရောင်းဆိုင်(၂) ဆိုင်အား သွားရောက်စစ်ဆေးခဲ့ရာ   ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင်(၁၂၅၀၀၀/-)ကျပ်၊ ဆင်းသုခ တစ်အိတ်လျှင် (၆၀၀၀၀/-)ကျပ်၊ ရက်(၉၀) တစ်အိတ်လျှင် (၇၅၀၀၀/-)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိကြောင်း၊ ဈေးကွက်အတွင်း ဆန်အမျိုးအစားအလိုက် ရောင်းချရမည့် ရည်ညွှန်းဈေးနှုန်းများနှင့် ဈေးကွက်အတွင်း အမြင့်ဆုံးရောင်းချနိုင်မည့် ဈေးနှုန်းထက်မပိုဘဲ ဈေးနှုန်းများတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)