Main menu

၂၀၂၅-၂၀၂၆ (မိုးစပါး)ထွက်ရှိမှုအပေါ် ဆန်၊စပါး လက်ကျန်စာရင်း ကောက်ယူရေး ဆွေးနွေးခြင်း

Powered by Drupal

   ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး သည် (၁၇.၁၁ .၂၀၂၅) ရက်နေ့ နေ့လည် (၀၂:၃၀) နာရီအချိန် ကျုံပျော်ခရိုင် ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ခမ်းမ(၂)တွင် ကျင်းပသော ခရိုင်စိုက်တိုးမြှင့်အစည်းအဝေးတွင် ခရိုင်တွင်း မြို့နယ်များဖြစ်သည့် ကျုံပျော်၊ ရေကြည်၊ကျောင်းကုန်း မြို့နယ်များရှိ ၂၀၂၅-၂၀၂၆ (မိုးစပါး) ထွက်ရှိမှုအပေါ်  ဆန်၊စပါး စီးဝင်၊စီးထွက်မှုအခြေအနေများ ၊ ဆန်တင်ပို့မှု စာရင်းများ နှင့်  တောင်သူ၊ ကုန်သည်၊ စက်ပိုင် ၊ ဆန်ဆိုင်များ၏ လက်ဝယ်ရှိ စပါး၊ဆန် မြေပြင်လက်ကျန် စာရင်းများ အနီးစပ်ဆုံး ကောက်ယူရရှိနိုင် ရေးအတွက် ရပ်ကွက် ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ရာနှုန်းပြည့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေး အတွက် ခရိုင်၊ မြို့နယ်  ဆန်၊စပါးလုပ်ငန်းကြီးကြပ် အဖွဲ့ဥက္ကဌ နှင့် အဖွဲ့ဝင်ဌာနများမှ ဝိုင်းဝန်း ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

 (DOCA) ဧရာဝတီ