
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ (မူလွန်)ဇရစ်၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများနှင့် ပတ်သက်၍ အသိပညာ ပေးဟောပြောဆွေးနွေးခဲ့ပါသည်။
အဆိုပါဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင် က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများအကြောင်း၊ Consumer Call Center သို့ တိုက်ရိုက် ဖုန်းခေါ်ဆိုမေးမြန်းခြင်းများဆောင်ရွက်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူအင်အား ၁၁၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
