
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ရှိ ဈေးကွက် အတွင်းသို့ ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်တင်တင်အေး ဦးဆောင်သော ဝန်ထမ်းများ သည် တောင်ကြီးမြို့အတွင်း နေထိုင်ကြသောပြည်သူများ၏ နေ့စဉ်စီးပွားရေး၊ လူမှုရေးများတွင် သက်သာချောင်ချိမှု ရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ဆေးနှင့်ဆေးပစ္စည်း ရောင်းချနေသည့် ဆေးဆိုင်များသို့ ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းများ ရှိ/မရှိ၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှု ရှိ/မရှိ၊ ဈေးနှုန်းမြင့်တင်ရောင်းချမှု ရှိ/မရှိ၊ စပ်ဆေးများရောင်းချခြင်း ရှိ/မရှိ၊ ဈေးကွက် အတွင်း ဆေးများပြတ်လပ်ခြင်းရှိ/မရှိနှင့် သက်ဆိုင်ရာအစိုးရဌာနမှ အသိအမှတ်ပြုသည့် ဆေးနှင့် ဆေးပစ္စည်းတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
