
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွက် ဧရာဝတီတိုင်းမှဆန်များဝယ်ယူလျက်ရှိရာ (၃၀.၁၀.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပ္ပတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှ MV ရွှေလမင်း(၃) ရေယာဉ်ဖြင့် ဆန်တန် (၉၀၀)၊ အိတ်ရေ (၁၈၀၀၀)တို့ကိုဝယ်ယူ၍ သယ်ဆောင်လာခဲ့ရာ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်နေ့တွင် မြိတ်မြို့ရောက်ရှိလာသဖြင့် မြိတ်ခရိုင်ရှိ စစ်ဆေးရေးအဖွဲ့များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင်မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနအပါအဝင်မြိတ်ခရိုင်အကောက် ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီး ဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့် စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
