Main menu

ဆန်စပါးဈေးနှုန်းနှင့် ဈေးကွက်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

Powered by Drupal

      (၂၀.11.2025)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဦးစီးမှူးရုံးခန်းမတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းကျော်ဦးဆောင်၍ “ဆန်စပါး ဈေးနှုန်းနှင့် ဈေးကွက်ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး” ကို နေပြည်တော်ဦးစီးမှူး၊ နေပြည်တော်ဆန်စပါးနှင့်ဆန်ကုန်သည်လုပ်ငန်းရှင်များအသင်း၊ ဥက္ကဋ္ဌနှင့် နေပြည်တော်ဆန်စပါး လုပ်ငန်းဆိုင်ရာ ဒေသကော်မတီအသင်းဝင်များနှင့်အတူ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးတွင် နေပြည်တော်တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆန်စပါးအသစ် များ ထွက်ပေါ်လာချိန် ဆန်စပါးအဟောင်းများနည်းပါးလာမှုအပေါ် ဆန်အဟောင်းများ ဈေးကစား မှုမဖြစ်ပေါ်စေရန်နှင့် လက်လုပ်လက်စား ပြည်သူများသို့ ဆန်များဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်း ချပေးနိုင်ပါရန်အတွက် ဆန်နှင့်ဆီဈေးကားများဖြင့် ရောင်းချပေးနိုင်ရေး၊ MY Ro တွင် ဆန်စပါး လက်ကျန်စာရင်းများ Up Date ပြုလုပ်နိုင်ရေး၊ ဒေသတွင်းရှိ ဆန်ဈေးနှုန်းများ အပတ်စဉ်ထုတ်ပြန် နိုင်ရေး ကိစ္စ္စရပ်များဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။

 

 

DOCA (ပြည်ထောင်စုနယ်မြေ)