
စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ မိုးညိုမြို့နယ်မြို့မရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ကျော်ကမ္ဘာသောက်ရေသန့်လုပ်ငန်းရှင် ဦးအောင်လွင်ဦးနှင့် (၁၃.၁၁.၂၀၂၅ )ရက်နေ့၊နံနက်(၁၀:၀၀ )နာရီအချိန်တွင်၊ မိုးညိုမြို့နယ်တာဝန်ခံဦးမောင်မောင်အေးမှ တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေအခန်း ( ၁၈ )ပါ ကုန်စည်များ ပေါ်တွင်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ ၊ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း၊ ဥပဒေအခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူလက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက် ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။
DOCA(ပဲခူး)
