Main menu

မိုးညိုမြို့ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် မိုးညိုမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၁၁.၁၁.၂၀၂၅ ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဈေးလမ်း၊ သခင်လှရှိန်ရပ်ကွက်ရှိဒေါ်နီလာဝင်းကုန်မျိုးးစုံနှင့် ရောင်းဝယ်ရေးဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ မြို့နယ် တာဝန်ခံဦးမောင်မောင်အေးနှင့်ဝန်ထမ်းတို့မှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ  တိကျမှန်ကန်ရှင်းလင်းသော သတင်း အချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊  စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံ ချက်ပေး နိုင်သည့် အရည်အသွေးမြင့်မား သော ကုန်စည် ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံး သူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ခဲ့ပါသည်။

DOCA(ပဲခူး)