Main menu

“ ပြင်ဦးလွင်မြို့ရှိ မုန့်နှင့်ယိုမျိုးစုံလုပ်ငန်းရှင်များအား အသိပညာပေးဟောပြော”

Powered by Drupal

   ပြင်ဦးလွင်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးသက်လွင်ထူး (ဦးစီးအရာရှိ)သည်  အောက်တိုဘာလ(၁၅)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် ပြင်ဦးလွင်မြို့ ၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနရုံးတွင် စားသုံးသူရေးရာဦးစီးဌာန နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ပူးပေါင်းပြီး မုန့်နှင့်ယိုမျိုးစုံလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည် ။ အဆိုပါ တွေ့ဆုံပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးသက်လွင်ထူးက ပြောကြားရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက် များ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ စားသုံးသူ ကာကွယ်ရေးဥပဒေ ပုဒ်မ(၄၃)အရ စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ပြည့်စုံစွာ ဖော်ပြထားရှိရန် ၊ လုပ်ငန်းရှင်များမှ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေး အလေးထားဆောင်ရွန်ရန် နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)အရ စီးပွားရေးလုပ်ငန်းရှင်တာဝန်များကို အလေးထားလိုက်နာဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် လုပ်ငန်းရှင်(၂၅)ဦး တက်ရောက်ခဲ့ကြောင်း တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တ‌လေး)