Main menu

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဆီထွက်သီးနှံစိုက်ပျိုးနိုင်ရေး ဆွေးနွေးခြင်း

Powered by Drupal

      ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊  မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းလတ်သည် ၁၃.၁၁.၂၀၂၅ ရက်နေ့တွင်  မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဝင်များနှင့် အတူ ဆီထွက်သီးနှံများတွင် ပါဝင်သည့် နေကြာနှင့် ဆီပဲပုတ်များကို တိုးချဲ့စိုက်ပျိုးရေး၊ ဓါတ်မြေဩဇာအစား သစ်ဆွေးမြေဩဇာများကို တိုးချဲ့စိုက်ပျိးရေး၊ ကော်ဖီပင်များ တိုးချဲ့စိုက်ပျိုးရေး၊ ရေကျနောက်စိုက်စပါးများ စတင်စိုက်ပျိုးလာသည့်အတွက် တောင်သူများ ဧကဖြင့် စိုက်ပျိုးရေး၊ မိုးစပါးများစတင်ရိတ်သိမ်းလာသည့်အတွက် မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန တို့က ရိတ်သိမ်းမှုအခြေအန၊ ထွက်ရှိနိုင်မည့် အလားအလာများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ဆောင်ရွက်ရန် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီမှ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

( Doca ဧရာဝတီ )