
ဘိုကလေးမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် (၁၂.၁၁.၂၀၂၅)ရက်နေ့၊နံနက်(၁၀)နာရီတွင် ဘိုကလေးမြို့စံပြဈေးထိပ်ရှိဒေါ်စန်းစန်းကုန်စုံအရောင်းဆိုင်တွင် ရောင်းချနေသော စားသုံးဆီများတွင် သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်မြို့မ(၄)ရပ်ကွက်စံပြဒေါ်စန်းစန်းကုန်မျိုးစုံအရောင်းဆိုင်မှညွှန်ကြားချက်ပါအတိုင်း စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် ရက်စွဲများပါသော ရည်ညွှန်းဈေးနှုန်းများဖြင့် ဗီနိုင်းချိတ်ဆွဲပြီး အလေးချိန်ခွင်မှန်ကန်စွာ ရောင်းချပေးနေကြောင်းနှင့် အိမ်စုများအလိုက် ဆီစာအုပ်များဖြင့် ဝယ်ယူရာတွင် ဈေးနှုန်းမှန်ကန်မှုရှိ/မရှိဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအပေါ် သတင်းရရှိပါသည်။
( Doca ဧရာဝတီ )
