Main menu

ပခုက္ကူမြို့၌ “ဦးအောင်ဖြိုး”၏ ဆန်သိုလှောင်ရုံအား MyRO တွင် မှတ်ပုံတင်နိုင်ရေး ကူညီ ဆောင်ရွက်ပေး

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ ဆန်စပါး သို လှောင်ရုံများကို MyRO Website တွင် မှတ်ပုံတင် ဆောင်ရွက်လျက်ရှိရာ (၁၀.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်() ရပ်ကွက်၊ မြို့မလမ်းရှိ ဆန်လက်လီ/ လက်ကား ရောင်းချသူ  လုပ်ငန်းရှင် ဦးအောင်ဖြိုး၏ သိုလှောင်ရုံအား MyRO တွင် မှတ်ပုံတင်နိုင်ရေး ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

          အဆိုပါ ဆန်သိုလှောင်ရုံသည် ဝင်ဆံ့နိုင်သည့်ပမာဏ အိတ်ရေ(၅၅၀)ခန့်ရှိပြီး သိုလှောင်ရုံ အမျိုးအစား အသေးစားတွင် ပါဝင်ပါသည်။ သိုလှောင်ရုံ အဆောက်အဦမှာ ၂၀၀၅ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး အလျား(၂၈)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၂၂)ပေရှိပြီး အမိုး(သွပ်) အကာ (အုတ်) အခင်း(အုတ်) ဖြင့် ဆောက်လုပ်ထားပါသည်။ သိုလှောင်ထားသော ဆန်အမျိုးအစားမှာ မျိုးစုံ ဖြစ်ပြီး (၁၀.၁၁.၂၀၂၅)ရက်နေ့ထိ သိုလှောင်ထားရှိမှုအခြေအနေမှာ အိတ်ရေ (၅၀၀)ခန့်ရှိကြောင်း သိရှိ ရသည်။

          ပခုက္ကူခရိုင်ဦးစီးမှူးရုံးအနေဖြင့် MyRO တွင်မှတ်ပုံတင်ရန် ဆန်လုပ်ငန်းရှင်များအား MyRO Website အသုံးပြုနည်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ဆန်လက်ကျန်များကို လစဉ်() ရက်နေ့မှ ()ရက်နေ့အတွင်း  ဖြည့်သွင်းရမည်ဖြစ်ကြောင်း၊ သိုလှောင်ရုံအား မှတ်ပုံတင် သက်တမ်း ()နှစ်ပြည့်လျှင် သက်တမ်းတိုးရမည်ဖြစ်ကြောင်း၊ ဆန်လုပ်ငန်းရှင် ဦးအောင်ဖြိုးအား သိရှိစေရန် ရှင်းလင်းဆွေးနွေးပြီး  မှတ်ပုံတင်ခြင်းကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊  စုစုပေါင်း ပခုက္ကူခရိုင်၌  MyRO တွင် မှတ်ပုံတင် ပြီးစီးသော ဆန်သိုလှောင်ရုံ(၄၈)လုံးရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)