
၁၂.၁၁.၂၀၂၅ ရက်နေ့ ၁၆၀၀ ချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ် တာဝန်ခံသည် မော်လမြိုင်မြို့နယ် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများထိန်းသိမ်း ကြီးကြပ်ရေးဆပ်ကော်မတီနှင့်ပူးပေါင်း၍ မော်လမြိုင်မြို့၊စျေးကြိုရပ်ကွက်၊ကျိုက်ခမီလမ်း MMTM စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါဆီဆိုင်၌ မြို့နယ် ကော်မတီမှ ရည်ညွှန်းဈေးနှုန်း အတိုင်းရောင်းချမှုရှိ/မရှိနှင့် အရောင်းဆိုင်ပိတ်ထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့ရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် အရောင်းဆိုင်ဖွင့်လှစ်ရောင်းချနေသည်ကို စစ်ဆေး တွေ့ရှိရကြောင်း သိရှိရပါသည်။
DOCA (မွန်)
