
၁၃.၁၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်နွေဦးနှင့် ဝန်ထမ်းများသည် ချောင်းဆုံမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်သော အစည်းအဝေးသို့ တက်ရောက် ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပြည်နယ် FDA မှ ဦးစီးအရာရှိ ဒေါ်ပန်းရိပ်အောင်မှ ဆေးရောင်းချ နေသော လုပ်ငန်းရှင်များအား လိုက်နာရမည့် စည်းကမ်းချက်များ၊ ဆေးများ စနစ်တကျ ထားရှိရန်နှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမရှိရန် ဟောပြောဆွေးနွေးခဲ့ပါသည်။
ထိုသို့ ဈေးကွက်ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဆိုင်များတွင် ရောင်းချနေသော ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှု မရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းများ တည်ငြိမ်စေရေးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆေးပစ္စည်းများ ပြတ်လပ်မှု မရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား တရားမဝင်ဆေးဝါးများ ရောင်းချမှု မပြုစေရေးအတွက် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
