Main menu

မြိတ်မြို့သို့ ကားဖြင့် စားအုန်းဆီပေပါများ ရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      တနင်္သာရီတိုင်း၊ မြိတ်မြို့အတွက် လိုအပ်သောစားသုံးဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ခွဲတမ်းဖြင့်ဝယ်ယူလျက်ရှိပြီး မြိတ်ခရိုင်ဆီအရောင်းကိုယ်စားလှယ်သည် (၅.၁၁.၂၀၂၅)ရက်နေ့တွင် Yadanarbone Global Network Distribution ကုမ္ပဏီမှ ခွဲတမ်းဖြင့်ဝယ်ယူ၍ ရရှိသော စားအုန်းဆီ ပေပါ(၄၇)ပေပါကို ယာဉ်အမှတ် 4S-8645 ဖြင့် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့တွင် မြိတ်မြို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။ ရောက်ရှိလာသောစားအုန်းဆီများကို မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ပြီး ၎င်းစားအုန်းဆီများကို ၂ ရာခိုင်နှုန်းအမြတ်နှင့် သယ်ယူပို့ဆောင်ကုန်ကျစရိတ်များဖြင့် ဆီအရောင်းကိုယ်စားလှယ်မှ လက်လီဆိုင်များသို့ ဖြန့်ဝေ ရောင်းချပေးမည်ဖြစ်ကြောင်းထိုမှတစ်ဆင့် လက်လီအရောင်းဆိုင်များမှ ပြည်သူများသို့ ပြန်လည် ဖြန့်ဖြူးရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)