Main menu

        မြိတ်မြို့ရှိ ဆန်နှင့်စားအုန်းဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

 

      မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များသည် မြိတ်မြို့အတွင်း Super Market, Mini Martများနှင့် ဆန်ဆိုင်များအား ကုန်စျေးနှုန်းတည်ငြိမ်စေရေး ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့၊ နံနက်(၉း၀၀)အချိန်တွင် မြိတ်မြို့၊ မြန်အောင်ရပ်နှင့် ကန်ကြီးရပ်ရှိ ဆန်အရောင်းဆိုင်များနှင့်ဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးများနှင့် ဒေသတွင်း ဖြစ် သင့်ဖြစ်ထိုက်သောစျေးနှုန်းများဖြင့် ရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရ ပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး‌ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော အဖွဲ့ဝင်များဖြင့် သတ်မှတ်ထားသော ရည်ညွှန်းစျေးနှုန်း များဖြင့် ရောင်းချနေခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီးအလေးချိန်မှန်ကန်စွာ၊ ဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်း များဖြင့်ရောင်းချရန်နှင့်စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိမှုများမဖြစ်စေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(တနင်္သာရီ)