Main menu

တောင်တွင်းကြီးမြို့နယ်၊ ဖျောက်ဆိပ်ကုန်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောခြင်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် တာဝန်ခံသည် (၁၂.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဖျောက်ဆိပ်ကုန်းကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်းရှိ ကျောင်းခန်းမဆောင်၌ ဆရာ/ဆရာမ (၇)ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၇၀)ဦး တို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

     အဆိုပါဟောပြောပွဲ၌ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးက ကျောင်း ပတ်ဝန်းကျင်ရှိ စျေးဆိုင်များတွင် ရောင်းချသည့်မုန့်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းအားလည်း ကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ခိုင်မို့မို့ဇင်က သဘာဝဘေးအန္တ ရာယ်များနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများအကြောင်းအားလည်းကောင်း အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)