
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများအား "စားသုံးသူ ကာကွယ်ရေးဥပဒေ"နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် လိုက်နာဆောင်ရွက် နိုင်ရန် Thursday Talk အသိပညာပေးဆွေးနွေးခြင်းကိုဝန်ထမ်း(၁၁)ဦးဖြင့် ဆောင်ရွက်ခဲ့ပါ သည်။
အဆိုပါဆွေးနွေးပွဲတွင် ဒေါ်တိုးဝတ်မှုံ(အကြီးတန်းစာရေး)က အခန်း(၁၈) ကုန်အညွှန်းအ မှတ်အသားဖော်ပြခြင်းခေါင်းစဉ်ဖြင့် ပုဒ်မ(၄၁)၊ (၄၂)၊ (၄၃) တို့အား ဆွေးနွေးခဲ့ပြီး တက်ရောက် လာ သောဝန်ထမ်းများမှ အားသာချက်၊ အားနည်းချက်များ သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ ကြပါသည်။ Thursday Talkအသိပညာပေးဆွေးနွေးခြင်းကို ဆောင်ရွက်ခြင်းအားဖြင့် ဝန်ထမ်းများ အသိပညာဗဟုသုတများရရှိ၍ ဌာနလုပ်ငန်းများဆောင်ရွက်ရာတွင်အထောက် အကူဖြစ်သည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါကြောင်းနှင့် ဆွေးနွေးပွဲအား နေ့လယ်(၁၄:၃၀)အချိန်တွင် ပြီးဆုံး ကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)
