Main menu

မြန်မာဆန်စပါး အွန်လိုင်း (Myanmar Rice Online-MyRO) စနစ်တွင်မှတ်ပုံတင်  ဆောင်ရွက်နိုင်ရေး ကွင်းဆင်းအသိပညာပေး

Powered by Drupal

     စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆန်တန်ချိန်  ၅၀(သို့မဟုတ်) စပါးတင်း ၅၀၀၀နှင့် အထက်သိုလှောင်ထားရှိသည့် ဆန်စပါးသိုလှောင်ရုံများအားလုံးကို  မြန်မာဆန်စပါး အွန်လိုင်း (Myanmar Rice Online-MyRO) စနစ်တွင် မှတ်ပုံတင်ရန် ပြီးခဲ့သည့်  ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၄ ရက်မှ စ၍   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူခရိုင်အတွင်းရှိ လုပ်ငန်းရှင်၊ လူပိုဂ္ဂိုလ်၊ ကုမ္ပဏီ၊ ဆန်စက်၊ သိုလှောင်ရုံ၊ ဆန်ဆိုင်ကြီးများသည် စီးပွားရေးအလို့ငှာ  ဆန်တန်ချိန်  ၅၀(သို့မဟုတ်) စပါးတင်း ၅၀၀၀နှင့် အထက်သိုလှောင်ထားရှိသည့် သိုလှောင်ရုံပိုင်ဆိုင်ထားပါက မြန်မာဆန်စပါး အွန်လိုင်း (Myanmar Rice Online-MyRO) စနစ်တွင်မှတ်ပုံတင်ရန် ကွင်းဆင်းအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)