Main menu

ဟင်္သာတမြို့နယ် ဆန်စပါးကုန်သည်လုပ်ငန်းရှင် နှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တာဝန်ခံသည်  ၂၀၂၅ ခုနှစ်၊ နိုဝင် ဘာလ (၆) ရက်၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့၊ တလုတ္ထော်တိုက်နယ်ရှိ  ဆန်စပါးကုန် သည် လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် ဆန်စပါးကုန်သည်လုပ်ငန်းရှင်က ဟင်္သာတမြို့နယ်အနေဖြင့် နွေစပါးများ လက်ကျန်နည်းပါးနေပြီး မိုးစပါးများ ဝယ်ယူကြိတ်ခွဲကာ ဒေသတွင်း စားသုံးမှုအပြင် ရန်ကုန်ဆန် ဈေးနှုန်းပေါ်မူတည်၍ တင်ပို့ ရောင်းချလျက်ရှိပါသည်။ ဒေသထွက် ဆန်များဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး အဓိကဆောင်ရွက်လျက်ရှိပြီး၊ မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဈေးနှုန်း သက်သာ စွာ ဝယ်ယူ စားသုံးနိုင်ရေးအတွက် ဆန်စပါးကုန်သည် အသင်းတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဈေးကွက် ခိုင်မာမှု၊ တောင်သူနှင့် ကုန်သည်များအကြား ဆန်စပါး ဈေနှုန်း သင့်တင့်မျှတမှုရှိမှသာ အဆင်ပြေမှာ ဖြစ်ကြောင်း စသည့်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)