Main menu

ပန်းတနော်မြို နယ်အတွင်း အသင့်သောက်ကော်ဖီအချိုရည်ဗူးနှင့် အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ဦးစားပေးကုန်စည် ၁၀မျိုး များထဲမှ လစဉ် ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ရန် လျာထားမှုအပေါ် ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူများသည်  (၁၁.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အသင့်သောက် ကော်ဖီအမျိုးမျိုးနှင့် အသင့်သောက် အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ကြောင်း သိရသည်။

          ထိုသို့ စစ်ဆေးရာ အသင့်သောက် ကော်ဖီနှင့် အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ် အသားပြည့်စုံမှု ရှိ/မရှိ၊ မြန်မာဘာသာဖြင့် ဖော်ပြမှုရှိ/မရှိ စစ်ဆေးခဲ့ရာ ပြည်စုံဖော်ပြပါဝင် ကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေတွင် ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အတိုင်းလိုက်နာဆောင်ရွက်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ပြစ်မှု ပြစ်ဒဏ် များနှင့် တာမြစ်ချက်များ စသည့်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)