Main menu

အသင့်သောက် အချိုရည်အမျိုးမျိုးနှင့် အသင့်သောက် ကော်ဖီမစ် ဖျော်ရည်ဗူးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

 စားသုံးသူရေးရာဦးစီးဌာန၊ မအူပင် ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ  ဦးခိုင်လွမ်းမိုး  နှင့် ဝန်ထမ်း (၂)ဦးသည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့်အတူ ၁၁.၁၁.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် မြို့နယ်ဈေးအတွင်းရှိ စားသောက်ကုန်မျိုးစုံနှင့် အချိုရည်အမျိုးမျိုးလက်ကား အရောင်းဆိုင်တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါ ကွင်းဆင်းစစ်ဆေးခဲ့ရာ ဓနုဖြူမြို့နယ် အောင်ရည်ချမ်းအချိုရည်အရောင်းဆိုင်၊ မြင့်မြတ်၊ ချမ်းသာကြီး၊ ဒေါ်တင်တင်လှ၊ ကိုမျိုးမိသားစု၊ ရွက်လှေ  အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် ကော်ဖီဖျော်ရည် အမျိုးမျိုးရောင်းချနေသော ဆိုင်များ အား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပါဝင်မှုရှိ/ မရှိနှင့် သက်ဆိုင်ရာခွင့်ပြုချက်များ ပါဝင်မှု ရှိမရှိတို့ကို တို့ကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ခုနှစ် ဦးစားပေးကုန်စည် ၁၀မျိုးအား လစဉ် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)