
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး တိုင်းဒေသကြီးဦးစီးမှူး ဦးဆောင် ၍ လစဉ်ကျင်းပသော လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား (၁၀.၁၁.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီ အချိန်၌ Online virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တိုင်းဒေသကြီးဦးစီးမှူး၊ ဒု-တိုင်းဒေသကြီးဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဌာနခွဲများမှတာဝန်ခံများ၊ ခရိုင်ဦးစီးမှူး များနှင့် ဒု-ခရိုင်ဦးစီးမှူးများ၊ ခရိုင်တာဝန်ခံများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ခရိုင်ဦးစီးမှူးများ၊ ဌာနခွဲတာဝန်ခံများ၊ ခရိုင်တာဝန်ခံများမှ လုပ်ငန်းဆောင် ရွက်မှုများနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းဟောပြောဆွေးနွေးကြရာ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)က ယခင်လ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ နှင့် ယခု နိုဝင်ဘာလတွင်လည်း ဈေးကွက်ကွင်းဆင်းဆောင်ရွက်မှု၊ အသိပညာပေးဟောပြော ဆွေးနွေးပွဲများ၊ ကျောင်းမုန့်ဈေးတန်း ကွင်းဆင်းမှုများအား လျာထားချက်ပြည့်မှီကျော်လွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ပြီး မြင်းခြံခရိုင်မှ အရာထမ်း(၃) ဦး၊ အမှုထမ်း(၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
DOCA (မန္တလေး)
